မြန်မာသတင်းများ

Forum 2000 ညီလာခံကြီးမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - http://www.forum2000.cz/)

အသံ အကြမ်းဖက်မှုတွေ ရှောင်ရှားဖို့ ဒေါ်စုနဲ့ ဒလိုင်းလားမား တိုက်တွန်း

“မြန်မာနိုင်ငံက သံဃာတော်တွေအနေနဲ့ မူဆလင်တွေအပေါ် အမျက်ဒေါသ ဖြစ်လာကြပြီဆိုရင် ဗုဒ္ဓရဲ့ တရားတော်တွေကို ကျေးဇူးပြုပြီး သတိရကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလို သတိရလိမ့်မယ်ဆိုရင် မူဆလင် ညီအကိုတော်တွေ၊ ညီအမတွေကို အကာအကွယ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” အပြည့်အစုံ
ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ Susanna လှလှစိုး။ (ဓာတ်ပုံ - http://www.forum2000.cz/)

အသံ မြန်မာ့ပြုပြင်ပြောင်းလဲမှု နိုင်ငံတကာအကူအညီပေးရေး Forum 2000 မှာ ဆွေးနွေး

"အပြည်ပြည်ဆိုင်ရာအနေနဲ့ မြန်မာဒီမိုကရေစီပြောင်းလဲမှုကို စိတ်ဝင်စားတာ ကျေးဇူးတင်တယ်။ သို့သော်လည်း ပြောင်းလဲမှုတွေက အခုမှ အစပဲရှိသေးတယ်။ အများကြီး ဖြတ်ကျော်ရဦးမယ်။ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။" အပြည့်အစုံ

အသံ နျူကလီးယား သံသယကင်းရှင်းဖို့ မြန်မာ IAEA စာချုပ် လက်မှတ်ထိုး

"ဒါကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် နံပါတ်တစ်ကတော့ အဲ့ဒီသံသယတွေ ကွယ်ပျောက်သွားမယ်။ နှစ်ကတော့ ဒီစွမ်းအင်တို့၊ ကျန်းမာရေးတို့ စိုက်ပျိုးရေးနဲ့ တခြား သုတေသနကိစ္စတွေမှာ ဒါကို ကျနော်တို့ ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အလားအလာအခွင့်အလန်းတွေ ပိုရလာမှာပေါ့" အပြည့်အစုံ

နေ့စဉ်တီဗွီသတင်းလွှာ (၀၉-၁၈-၂၀၁၃)

ချက်သမ္မနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ တွေ့ဆုံတဲ့ အကြောင်း၊ ၀ါရှင်တန်မြို့က ရေတပ် စခန်းတခုအတွင်း ပစ်ခတ်မှုဟာ နိုင်ငံတကာ အကြမ်းဖက်မှုတွေနဲ့ ဆက်နွှယ်မှု မရှိဘူးဆိုပြီး အာဏာပိုင်တွေက ပြောလိုက်တဲ့ အကြောင်း၊ မြန်မာ့ လက်ရွေးစင် အားကစား သမားဟောင်းကြီး ဒေါ်ဂျင်နီဖာတင်လေးနဲ့ တွေ့ဆုံမေးမြန်းခန်း စသည် ...
 

ကမ္ဘာ့သတင်း စက္ကန့် ၆၀

download ရယူရန်