13
ခံဝန်ချက်ဖြင့် လွတ်လာသူများအား ပြန်လည်ထောင်ချခွင့်ရှိသည့် ပုဒ်၄၀၁ ဥပဒေကျင့်သုံးမှုအား အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း ကြယ်ပွင့်ပြ မေးခွန်းထုတ်လျင် ကြံဖွတ်ပါတီအမတ် မလိုတမာက တိမ်မည်းဖုံး ကန့်ကွက်သွားမည်ဟု ဆိုခြင်းအပေါ် ဘွားဒေါ်ဂျီးမှ လမင်းထိန်ဗျူဟာ ရှာဖွေနေသဖြင့် စစ်အုပ်စုဖက်ကလည်း နေမင်းသူရိန်ထိုးစစ် ဆင်နွှဲသွားရန်ရှိရာ မြန်မာနိုင်ငံရေးသည် အပြောကျယ်သော စတြာဝဠာဂျီးထဲ စက်ပျက် မျောနေသော အာကာသယဉ်သဖွယ် ဘယ်သောဝ်ဘယ်ကမ်း ဆိုက်မည်သိရန် ခဲယဉ်းကြောင်း ဆိုကြသည်။
ကြက်သန်းတရာရှိလျင် ဘဏ်ဒါရိုက်တာ အရွေးခံနိုင်ကြောင်း မွေးရေဘဏ်မှ ဆိုသဖြင့် ဦးကြောင်ကြီး ကြက်ခြံ ခိုးဝင်၍ သန်းအကောင်တရာတိတိ ယူဆောင်ပြီး သွားရောက်အရွေးခံရာ ၎င်းလျောက်လွှာအား အရည်အချင်း မပြည့်မှီဆိုကာ ဘဏ်တာဝန်ရှိသူ ဦးလျောင်ကီးမှ ပယ်လိုက်သည်။
ရန်ကုန်မြို့တွင် မိုးပျံရထား စီမံကိန်းမတိုင်မှီ မိုးစိုရထားအဖြစ် မြို့ပတ်ရထားတွဲများတွင် ခေါင်မိုးဇကာပေါက် နေမှုအား ပြင်ဆင်မည် မဟုတ်ကြောင်း ရထားဝံဂျီးဌာနမှ ကြေငြာသည်။
ဝစစ်တပ်တွင် ရှိထားသော တရုတ်ပြည်လုပ် စစ်ရဟတ်ယဉ် ဆိုသည်မှာ အင်ဂျင်ဖြုတ်ထားသော ရဟတ်ယဉ် အခွံသက်သက် ဖြစ်ကြောင်း ဝစစ်ဦးဇီးဂျုပ် ကြေးမုံဂျီး၏ ပြောဆိုချက်အပေါ် ဝနယ်ဒေသခံ အရာရှိ တဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက ရဟတ်ယဉ်တွင် အင်ဂျင်ပါမပါ မသိဂျောင်း ဒုံးကျည်လက်နက်တော့ မြင်မိဂျောင်း ပြောဆိုသွားသည်။
ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အိမ်တွင် ဖွင့်လှစ်လိုက်သော art gallery တွင် ဂေဇက်ရွာ ပန်းချီပြင်ညာရှံများ စုပေါင်းရေးဆွဲသည့် သဂျီးဦးခိုမ် ပုံတူအား တာနောယက္ခ ဘီလူးအမည်ဖြင့် ခန်းမအလယ် တည့်တည့်တွင် ချိတ်ဆွဲဂုဏ်ပြုထားဂျောင်း ပြခန်းအရက်ဘား မန်နေဂျာ ဖားပြုတ်ဂျော်နီအောင်ပုမှ သတင်းပေးပို့သည်။
အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးကြောင်ကြီးက အေးချမ်းစွာ နေလိုသည့်အတွက် အိမ်တွင် အဲယားကွန်းဆယ်လုံး တပ်ထားသော်လည်း လျှပ်စစ်မီး ပုံမှန်မလာ၍ ပူလောင် နေရကြောင်း ဧရာဝတီမဂ္ဂဇင်း အင်တာဗျူးတွင် ယပ်ခပ်ရင်း ထုတ်ဖော်ပြောဆိုသည်။ ထို့အပြင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးကို ၎င်းမှ မြှင့်တင်ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ၁ – ရေပန်း ၂ – လေပန်း ၃- မီးရှုးမီးပန်း ၄ – ငရဲပန်း ၅ – ခွေးသေးပန်း ၆ – ပန်းနာရင်ကြပ် ၇ – ပန်းသေ ၈ – ရာပန်းဆီ ၉ – ရင်ကြပ်ပန်းနာ ၁၀ – ပန်းသေး တို့အားရွေးထားကြောင်း ဖြေကြားသွားသည်။
အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဇောင်အဖွဲ့ဝင် ရဲရဲတောက် ဦးကြောင်ကြီးအား ပါတီကျားပျံရေးကော်မတီ တာဝန်ခံ ခန့်အပ်လိုက်ရာ ပထမဆုံး ခြေလှမ်းအဖြစ် တိရစ္ဆာန်ရုံတွင် အတွဲသွားချောင်းသည်ဆိုခြင်း မမှန်ဘဲ ကျားဂျီးအား ငှက်နှင့်မျိုးစပ်ရန် ကိုယ်တိုင်သွားရောက် လေ့လာခြင်းဖြစ်ကြောင်း ဒီလှိုင်းဂျာနယ်တွင် ရေးထားသည်။
တရုတ်နိုင်ငံနှင့် ပြုလုပ်ထားသော စာချုပ်များမှာ ပွင့်လင်းမြင်သာမှု မရှိ၍ အသစ်ပြန်လည် ချုပ်ဆိုသင့်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ ပြောဆိုခဲ့အပြီး ပထမဆုံး အနေဖြင့် တရုတ်သဗုံ ကြေးမုံဂျီးနှင့် တရုတ်မခြစ်သူ ဦးကြောင်ကြီးတို့ လျှို့ဝှက် ချုပ်ဆိုထားခဲ့သော လူမသိသူမသိ တိတ်တိတ်ပုန်း စာချုပ်အား ပြန်လည်သုံးသပ်လျက်ရှိသည်။ စာချုပ်ပါအချက်များမှာ ကိုယ်ရေးကိုယ်တာဖြစ်၍ မနှောင့်ယှက်ရန် မီဒီယာအား ပန်ကြားထားသော်လဲ ကြေးမုံဂျီးမှ အလွတ်စုံထောက် မိုက်ခဲဂျာ်နီအောင်ပုအား ဦးကြောင်ကြီး ခြေလှမ်းများကို စောင့်ကြည့်ရန် ငှားရမ်းထားကြောင်း အနှိပ်ခန်း၊ ကာရာအိုကေ၊ ညကလပ်၊ တည်းခိုခန်းများမှ စုံစမ်းသိရသည်။
ဝတပ်ဖွဲ့၏ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုချက်အား လွှတ်တော်တွင် တင်ပြပေးရန် အစိုးရမှ ဝမော်ဒယ်လ်ဂဲ ဆယ်ဦးအား ဆင့်ခေါ်ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနှာပွမှ အတည်ပြု ပြောကြားသည်။ အဆိုပါ တင်ပြပွဲအား ရွှေသံလွင် စကိုင်းနက်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဟုလည်းဆိုသည်။
ယူအက်စ်ရောက် မြန်မာများ ပြန်လာကြရန် ဝါရှင်တန်မြို့ တွေ့ဆုံပွဲတွင် သမဒဂျီးဦးသိန်းစိန် ပြောကြားလိုက်ပြီး သူကတော့ ပင်စင်ယူသည့်အခါ အမေရိကန်ပြည်ထောင်စုတွင် အခြေချရန်ရှိကြောင်း သိရသည်။
Community Answers
Leave a Comment
You must be logged in to post a comment.




လိင်တူချစ်သူတို့၏ ညနေခင်း
https://www.facebook.com/thevoiceweekly?ref=ts&fref=ts
အတင်းကုန်..ပါဘဲလား
ပျိုရှောင်ညည်း..
ဟိုချောင်အနီး..
ထိုယောင်ဖြီး..
မချိုမချောင်ရွှီး..
အို…ကြောင်ကြီး…..။ :D
ဆန္ဒထုတ်ဖော်ဖို့အတွက် လိုအပ်ရင် နေ့စား၃၀၀၀ နဲ့ အငှားလိုက်မယ့်သူတွေ ခေါ်ပေးမယ်။
မိုးစိုရထားဆိုတာ နိုင်ငံတကာမှာ မရနိုင်တဲ့ အခွင့်အရေးကို မြန်မာပြည်သူားတွေ ရရှိအောင် ကြိုးစားပေးထားတာ ဖြစ်ပါတယ်။
ပန်း၁၀မျိုး ကို ဆန်းသစ်တီထွင်နိုင်မှုကြောင့် ကြောင်ကြီးအား ပန်း၁၀မျိုးလုံး ပေးအပ်ရန် စည်းရုံးလှုံ့ဆော်ပါတယ်။
ထိုက်တန်စွာ ချီးမြှင့်မြှောက်စား ကြပါကုန်…………..
ကြောင်ကြောင် ရေ သိပ်ညစ်တယ်…..
အစွဲကြီး စွဲ မိပြီ ရှန် ( ဟာသတွေ ရေးတာကို ပြောပါတယ် )
ရင်တုန်လိုက်တာ.. ။
ချစ်သုဝေ..ပုံလေး..သွားကြည့်လိုက်အုံးမယ.် ။
ဒေါ်လာ၎သန်းလျော်ကြေးရသော်လည်း
မြန်မာတွင်
ပါဆယ်ဗုံးပို့သူအဖြစ်မှားပြီးထောင်အချခံရသူလင်မယား
အလျော်မရသည့်အပြင်နိုင်ငံမှထွက်ခွါခွင့်ကဒ်ပြားပင်မရဟုကြားသိရကြောင်း
ဒဲ့… ခိခိ… ခိခိ